၁။ အဉာဏ-သရဏဂုံသုံးပါးအပေါ်၌ သေချာကျနစွာ မသိခြင်း၊
၂။ သံသယ- သရဏဂုံသုံးပါးအပေါ်၌ ယုံမှားသံသယရှိခြင်း၊
၃။ မိစ္ဆာဉာဏ- သရဏဂုံသုံးပါးအပေါ်၌ မှားယွင်းသော အမြင်၊ အယူအဆ
ရှိခြင်း။ (မူလ ပဏာသအဋ္ဌကထာ)
ထိုသုံးမျိုးတို့တွင် ဗုဒ္ဓ ဓမ္မ သံဃာဟူသော သရဏဂုံ သုံးပါးအကြောင်းကို သိ
အောင် လေ့လာခြင်းဖြင့် နံပါတ် (၁)နှင့်(၂) ညစ်နွမ်းမှုကို ပယ်ဖျောက်နိုင်သည်။
နံပါတ် (၃) ညစ်နွမ်းမှုကိုကား ဗုဒ္ဓ ဓမ္မ သံဃာ-ဟူသော သရဏဂုံအပေါ်၌ ယုံ
ံကြည်သော သဒ္ဓါတရား နှင့် ပညာဉာဏ်ကို ခိုင်မာအောင်ပြုလျှက် ပယ်ဖျောက်
နိုင်သည်။ ပယ်ဖျောက်မှု မပြုနိုင်ပါက သရဏဂုံပျက်စီးခြင်းသို့ ရောက်၏။
သရဏဂုံတည်ခြင်း
``````````````````````````
ရတနာမြတ်သုံးပါးကို သဒ္ဓါ၊ ပညာ ပြည့်စုံစွာဖြင့် ကိုးကွယ်အား ထား
လဲလျောင်းရာ အမှန်ဟူ၍ တစ်ကြိမ်တစ်ခါ ဆောက်တည်ထားလျှင် ထိုရတနာ မြတ်သုံးပါး
အပေါ်၌ ယုံကြည်ကိုးကွယ် ဆည်းကပ်သည့်စိတ် မပျောက်သေးသမျှ ကာလပတ်လုံး တည်မြဲနေ၏။
သရဏဂုံပျက်ခြင်း နှစ်မျိုး
``````````````````````````````````
သရဏဂုံပျက်ခြင်းဟုဆိုရာ၌ အပြစ်ရှိသော ပျက်ခြင်း နှင့် အပြစ် မရှိသော ပျက်ခြင်း ဟူ၍ နှစ်မျိုး ရှိသည်။
(၁)ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်မှု မရှိတော့ခြင်း။
(၂) သေဆုံးသွားခြင်း။
ဗုဒ္ဓ ဓမ္မ သံဃာဟူသော သရဏဂုံသုံးပါးမှအပ တစ်ပါးသော ဂိုဏ်းဆရာများ၊ ရသေ့များ၊
နတ်များ၊ စသည်တို့ကို တပည့်တော်၏ အသက်နှင့်ခန္ဓာကို အပ်နှင်း
လှူဒါန်းပါ၏ဟု ကိုးကွယ် ဆည်းကပ် သည်ရှိသော် သရဏဂုံပျက်၏။ ထိုသို့
ပျက်ခြင်းမျိုးသည် အပြစ်ရှိသော ပျက်ခြင်းမည်၏။ မကောင်းသော အကျိုး
များကိုသာ ရရှိစေနိုင်သည်။
သေဆုံးသွား၍ သရဏဂုံပျက်ခြင်းသည် အပြစ်မရှိသော ပျက်ခြင်းမျိုးဖြစ်၏။
သေဆုံးပြီးနောက် ထိုသူ ဆောက်တည်ခဲ့သော ကံအားလျော်စွာ နတ်စည်းစိမ်
ခံစားစံစားရခြင်း ကောင်းကျိုးချမ်းသာသုခနှင့် ပြည်စုံခြင်း စသော
ကောင်းကျိုးများကို ရရှိနိုင်သည်။
ယခုခေတ်တွင် သေဆုံးသွားသော
သူများကို သရဏဂုံတင်ခြင်း ပြုလုပ်ကြလေ့ရှိ၏။ သေသူ၌ စိတ်မရှိ၊ စေတသိတ်မရှိ၊
ဥတုဇရုပ် ဟုခေါ်သော အလောင်းကောင်သာ ရှိ၏။ စိတ်မရှိသော အလောင်းကောင်ကို
အဘယ်သို့ သရဏဂုံ
တင်နိုင်အံ့နည်း။ ကျန်ရစ်သူများ၏ သရဏဂုံ ကျိုးခြင်း၊
ပျက်ခြင်း၊ ပေါက်ခြင်းမှ ပြန်လည် တည်သွားအောင်သာ သရဏဂုံပေးခြင်း ဖြစ်၏။
သရဏဂုံ တည်၍
ကောင်းမှုအစုစုကို ပြုလုပ်ရခြင်းသည် အကျိုးများလှသည်။ ထိုသို့သောကောင်း
မှုသိုလ်မျိုးကို သေသွားသော သူတို့အား အမျှ ပေးဝေခြင်း သေသူအတွက် အ
ကျိုးထူးလှ၏။
သရဏဂုံဖြစ် မဖြစ်
``````````````````````````
၁) ဆွေမျိုးဖြစ်၍ ရှိခိုးခြင်း။
၂) ကြောက်၍ ရှိခိုးခြင်း။
၃) ဆရာဖြစ်၍ ရှိခိုးခြင်း။
ဤအကြောင်းများကြောင့် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကို ရှိခိုးလျှင် သရဏဂုံ
မဖြစ်တည်ပေ။ ယုံကြည်ပြီး ကိုးကွယ်ဆည်းကပ်သည့် အနေဖြင့် ရှိခိုးမှသာလျှင် သရဏဂုံ ဖြစ်တည်သည်။
သရဏဂုံပျက် မပျက်
````````````````````````````
သရဏဂုံ ဆောက်တည်ပြီးသော သူသည် -
(၁) သာသနာတော်မှအပ တပါးသောအယူရှိသော တိတ္ထိတို့၌ ရသေ့ရဟန်းပြု
ထားသော ဆွေမျိုးကို “ဤသူသည် ငါ၏ ဆွေမျိုးတည်း”ဟု အသိရှိလျှက် ရှိခိုး
သောသူသည် သရဏဂုံ မပျက်ပေ။ ရသေ့ရဟန်း မဟုတ်သော ဦးလေး ဘ
ကြီး စသည့် ဆွေမျိုးတို့အား ရှိခိုးသော သူသည်လည်း သရဏဂုံ မပျက်သည်
သာတည်း။
(၂) ထို့အတူ ကြောက်ရွံ၍ ဘုရင် (သို့) ကိုယ့်၏ အထက် လူကြီးကို ရှိခိုးခြင်း
သည်လည်း သရဏဂုံ မပျက်သည်သာတည်း။ အဘယ်ကြောင့်ဆိုသော် ဘုရင်
ကို ပြည်သူတို့က ပူဇော်အပ်သော ကြောင့်လည်းကောင်း၊ မရှိခိုးအပ် မရိုမသေ
ပြုအပ်သည်ရှိသော် အကျိုးမဲ့ကိုသာ ဖြစ်စေသောကြောင့်လည်းကောင်း ရှိခိုးရ
၏။ ထိုသို့ ရှိခိုးခဲ့သော် သရဏဂုံ မပျက်ပေ။ ထို့ကြောင့် ယခုခေတ် ကိုယ့်အထက်
လူကြီးကို ကြောက်သဖြင့် လက်အုပ်ချီသော် ဆောက်တည်ထားသော သရဏ
ဂုံသည် မပျက်နိုင်ဟု မှတ်ယူရမည်။
(၃) တစ်ခုခုသော အတတ်ပညာကို သင်ပေးသော တိတ္ထိကို “ဤသူသည် ငါ
၏ ဆရာတည်း”ဟူ၍ မိမိ၏ ဆရာအမှတ်ဖြင့် ရှိခိုး ခြင်းသည်လည်း သရဏဂုံ
မပျက်ပေ။
Reposted by crystal news
crd to : အရှင်ဥက္ကံသ(ဖားအောက်တောရ) , ဗဟုသုတ မှတ်စုများ
No comments:
Post a Comment